စကားလုံးများ ဆိုတဲ့ ကဏ္ဍ အောက်မှာ စုစည်း ဖော်ပြခဲ့တဲ့ အခါ၊ အင်္ဂလိပ် စကားပြောရာမှာ သူတို့ရဲ့
ယဉ်ကျေးမှု အညီ သုံးစွဲ ပြောဆိုတတ်ကြပုံကို ပြောပြခ့ဖဲူးပါတယ်။ တကယ်တော့ ဒါဟာ အင်္ဂလိပ်
စကားမှ မဟုတ်ပါဖူး၊ ဘယ်ဘာသာ၊ ဘယ်စကားမဆို သူ့ယဉ်ကျေးမှု ဓလေ့ ထုံးစံနဲ့ ရေမြေ အလိုက်
အလျှောက် ပြောတတ်ကြတာမို့ စကားလုံး တစ်လုံးကို ဘယ်နေရာမှာ ဘယ်လို သုံးရမယ် ဆိုတာ
ပုံသေ မှတ်လို့ မရပါဖူး။ ဥပမာ ကိစ္စမရှိပါဖူး လို့ အဓိပ္ပါယ်ရတဲ့ နေရာတွေမှာ Never mind လို့
သုံးကြပေမဲ့လဲ သြစတေးလျမှာတော့ No worries ဆိုပြီး တွင်တွင် ကျယ်ကျယ် သုံးကြပါတယ်။
အင်္ဂလန်မှာတော့ No worries ဆိုတာကို သိပ်မသုံးဖူးနဲ့ တူပါတယ်။ တစ်ခါက အင်္ဂလန်က လာတဲ့
အင်္ဂလိပ် တစ်ယောက်နဲ့ တွေ့တဲ့ အခါ မိမိက No worries ဆိုတဲ့ စကားကို ပြောမိတော့ သူက
ချက်ခြင်းဘဲ မိမိကို သြစတေးလျှက လာတာလား လို့ မေးတာခံ ရဖူးပါတယ်။ ဒီလိုဘဲ
မြန်မာစကားမှာလဲ မန္တလေးမှာဆို တစ်မျိုး၊ ရန်ကုန်မှာ ဆိုတစ်မျိုး၊ အချို့ အညာ ဒေသတွေမှာဆို
တစ်မျိုး အခြေအနေ အကြောင်းအရာ အမျိုးမျိုး ပေါ်မှာ ကွဲပြားတဲ့ အသုံးအနှုံးတွေနဲ့ သုံးစြွဲကတာ
သတိထားမိမှာပါ။
ဒီနေ့ ကမ္ဘာ အရပ်ရပ်မှာ အင်္ဂလိပ်စကားကို ကမ္ဘာသုံး စကားလို ပြောနေကြတဲ့ အခါ၊ ကိုယ့် ထုံးစံနဲ့
အထိုက်အလျှောက် အပ်စပ်မဲ့ အသုံးအနှုံးတွေကို နေရာဒေသ အလိုက် အမျိုးမျိုး သုံးစွဲ
ကြသော်လည်း၊ ယဉ်ကျေး သိမ်မွေ့တဲ့ အမူအယာနဲ့ ပြောဆိုခြင်းက လူတစ်ယောက်ရဲ့ ဂုဏ်နဲ့
တန်ဖိုးကို ရည်ညွန်း ဖော်ပြတဲ့ အတွက် ကိုယ်ရွေးချယ် သုံးနှုံး လိုက်တဲ့ စကားလုံးဟာ ယဉ်ကျေးမှု
စံရှိဖို့ အရေးကြီးတာကို သိရပါတယ်။ ဒီနေရာမှာ အရင်ကလည်း ဖော်ပြခဲ့ဖူးတဲ့ ယဉ်ကျေးမှု စံဆိုတဲ့
နေရာမှာ တစ်ဦးကို တစ်ဦး ကဲ့ရဲ့ ရှံ့ချတဲ့ စကားလုံး အသုံး အနှုံးမျိုး မသုံးတဲ့ တစ်ချက်ကို မိမိရဲ့.......
Download Book
No comments:
Post a Comment