ရှာမရတာမျိုးကြုံဖူးကြပါသလား။ “ဟိုလေ. . . အဲဒါ ဘယ်လိုခေါ်ပါလိမ့်... ကျွန်တော်ပြောချင်တာက
ဟိုဒင်းလေ” စတဲ့ ဟိုဒင်း...တို့ ...ဟိုဟာ... တို့နဲ့ လိုရင်းကိုကွက်တိမရောက်နိုင်တဲ့အခါမျိုးမှာ
စိတ်အလိုမကျ ဖြစ်ရတတ်ပါတယ်။ ဒါက ကိုယ့်မိခင်ဗမာစကား။
တခြား နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကား ပြော တဲ့အခါကျတော့ တစ်ခါတလေ
မကတော့ဘဲ ခဏခဏဖြစ်နေတတ်တော့ စကားတစ်ခွန်းပြောဖို့အရေး စကားလုံးကို
လည်းစဉ်းစားရသေး၊ ထွက်လာတဲ့စကားလုံးတွေကိုလည်း ၀ါကျပြန်စီရသေးဆိုတော့
စိတ်ပျက်အားငယ်ရ တတ်တာ လေ့လာကာစ စာသင်သားတို့ မလွဲမသွေ တွေ့ကြုံရတဲ့
ဒုက္ခတစ်ခုပါပဲ။ ဒီလိုနဲ့ စာသင်သက်ကြာ လာတော့ စကားလုံးတွေဟာ
မိုးရေမိုးစက်များတစ်ပေါက်တစ်ပေါက်နဲ့ စဥ့်အိုးကြီး ပြည့်လာသလို တဖြည်းဖြည်း များလာတဲ့အခါကျမှ
နည်းနည်းအဆင်ပြေလာပါတော့တယ်။ ဒါတောင်မှ နေ့စဉ်သာမန်
ပြောဆိုနေကျတာမျိုးမှာအဆင်ပြေနိုင်ပေမယ့် မိန့်ခွန်းလို ဟောပြောပွဲလို နေရာမျိုးမှာ
အင်္ဂလိပ်လို့ပြောရတဲ့ အခါမျိုးမှာ စကားလုံးတိုင်းသည် တစ်ဖက်သားရင်ကိုတိုက်ရိုက်ထိမှန်မည့်
စကားလုံးမျိုးကို ရွေးချယ်သုံးနှုံးရတဲ့အခါမျိုးမှာ အခက်တွေ့နိုင်ပါတယ်။
ဘာသာစကားဆိုတာ လူသားတို့ရဲ့ အဓိက ဆက်သွယ်ရေးလက်နက်ဖြစ်တဲ့အတွက်
ဉာဏ်ပညာကြီးမားတဲ့ လူသားတွေဟာ မိမိတို့ရဲ့လက်နက်ကို
ထက်မြက်နိုင်သမျှထက်မြက်နေအောင်အားထုတ်တဲ့အနေနဲ့ စကားလုံးအသစ်တွေတီထွင်ကြ၊
တစ်ချို့စကားလုံးတွေကို ကျောခိုင်းပစ်ကြ၊ တစ်ချို့စကားလုံးတွေကို အဓိပ္ပါယ်ပြောင်း ပစ်ကြ၊
တိုးပစ်ကြနဲ့ မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ ကိုယ်က ဘာသာစကားတစ်ခုကို လေ့လာထားမိပြီ။
စထားမိပြီ ဆိုတော့ မဆုံးတမ်းဆက်လျောက်ရပေတော့မည်။ လေ့လာရပေတော့မည်။
ဝေါဟာရ ဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့်အောက်ပါအတိုင်းအုပ်စုခွဲကြည့်ကြပါစို့။..........
Download Book
No comments:
Post a Comment